လူအစုအပြုံလိုက်

ပါဒတ်စ်

မေလ ၉ ရက်နေ့တွင် ပါဒတ်စ်၊ နီဂရီဆမီလမ်း ရှိကြက်မွေးမြူရေးစက်ရုံသည် ၎င်းစက်ရုံရှိအလုပ်သမားများရောဂါ ပိုးစမ်းသပ်စစ်ဆေး တွေ့ရှိပြီးနောက် စက်ရုံအပိတ်ခံလိုက်ရသည်။ ပိုးတွေ့လူနာအနည်းဆုံး ၃၆၀ ဦးရှိပြီး ၎င်းမှာ ပြည်တွင်၌ဖြစ်ပွားသည့် အကြီးမားဆုံးသောလူအစုအပြုံလိုက်ကူးစက်ခံရသည့် အုပ်စုများထဲမှတစ်ခုဖြစ်သည်။ ကူးစက်ခံရသူအများစုမှာ ပြည်ပနိုင်ငံများမှလာရောက်အလုပ်လုပ်ကိုင်သော နိုင်ငံခြားအလုပ်သမားများဖြစ်သည်။ ကူးစက်ခံရသည့် အလုပ်သမားဦးရေ အများဆုံးအုပ်စုမှာ နီပေါနိုင်ငံသားများဖြစ်ကြသည်။ စက်ရုံအတွင်း ပထမဆုံးရောဂါကူးစက် ပြန့်ပွားခဲ့ကြသူများမှာ ဒေသခံနိုင်ငံသားများဖြစ်ကြသည်။ မလေးရှားနိုင်ငံသားအလုပ်သမား အနည်းဆုံးး ၁၄ ဦးရောဂါကူးစက်ခံခဲ့ကြရသည်။ ကျန်းမာရေးဝန်ကြီးဌာနမှပြောဆိုချက်အရ ဤသို့နိုင်ငံခြားအလုပ်သမားများအကြား ကူးစက်ပြန့်ပွားမှု လျင်မြန်ရခြင်းမှာ နိုင်ငံခြားအလုပ်သမားများ၏ နေရာထိုင်ခင်းကျပ်တည်းမှုအခြေအနေများ ကြောင့်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ဂျွန်လ ၂၂ ရက်ထုတ်ပြန်ချက်နှင့်အညီ ရောဂါကူးစက်ပြန့်ပွားမှုများအား ပိုးတွေ့လူနာများ၏ ဇာတိနိုင်ငံများအလိုက် အောက်ပါအတိုင်းခွဲခြမ်းစိတ်ဖြာဖော်ပြအပ်ပါသည်။

အမိနိုင်ငံအတည်ပြု
မလေးရှား14
နီပေါ163
ဘင်္ဂလားဒေ့ရှ်67
မြန်မာ35
အင်ဒိုနီးရှား 31
အိန္ဒိယ4
ဗီယက်နမ်1
ကမ္ဘောဒီးယား 1