မကြာခဏမေးတတ်သော မေးခွန်းများ

Mercy Malaysia (မာစီမလေးရှား) မှဒုက္ခသည်များနှင့် အခြားအပယ်ခံထားရသောအုပ်စုများအား အခမဲ့ဆေးစစ်ပေးခြင်း

သင်သည်ဒုက္ခသည် / ခိုလှုံခွင့်လျှောက်ထားသူတစ်ဦးဖြစ်ပြီး ဆေးစစ်မှုခံယူရန်လိုအပ်လျှင် Mercy Malaysia သို့အောက်ပါအချက်အလက်များအား WhatsApp (019-2077045) သို့မဟုတ် email ([email protected]) သို့ ကျေးဇူးပြု၍ပို့ပေးပါ -

  • ၁။ နာမည် -

  • ၂။ ယူအန် နံပါတ် -

  • ၃။ မွေးရပ်နိုင်ငံ -

  • ၄။ ဘာသာ -

  • ၅။ တိုင်းရင်းသား -

  • ၆။ မွေးသက္ကရစ် -

  • ရ။ အိမ်ထောင် ရှိ / မရှိ -

  • ၈။ ဆက်သွယ်ရန်ဖုန်းနံပါတ် -

  • ၉။ အရေးပေါ်ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ် / တော်စပ်ပုံ -

  • ၁၀။ နေရပ်လိပ်စာ

  • ၁၁။ အလုပ်အကိုင် -

  • ၁၂။ ကုမ္ပဏီ နာမည် -

  • ၁၃။ ကုမ္ပဏီ လိပ်စာ -

  • ၁၄။ ပညာအရည်အချင်း -

  • ၁၅။ လစာ -

  • ၁၆။ အထူးလိုအပ်ချက် -

  • ၁၇။ အခြားကျန်းမာရေးပြဿနာများအတွက် ဆရာဝန်နှင့်တွေ့ရန်လိုပါသလား

  • သောက်သုံးနေသည့်ဆေးဝါးများရှိပါသလား? ဘယ်နှကြိမ်? တစ်နေ့တစ်ကြိမ် သို့မဟုတ် တစ်နေ့နှစ်ကြိမ်?

မကြာခဏမေးတတ်သော မေးခွန်းများ

တစ်ဦးနှင့်တစ်ဦးအကြား ခပ်ခွာခွာနေထိုင်ခြင်း

ဖြစ်နိုင်လျှင် အခြားသူများနှင့် အနည်းဆုံး ၁ မီတာအကွာအဝေးထား၍ တစ်ဦးနှင့်တစ်ဦး အကြားခပ်ခွာခွာနေထိုင်သွားလာခြင်း ကိုကျင့်သုံးပါ။

အကယ်၍ သင်သည် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးပေါ်တွင်ရှိနေလျှင် သင့်၏မျက်နှာကို အခြားသူများထံမှ လွှဲထားပါ၊ အထူးသဖြင့် သင်သူတို့ချောင်းဆိုးနေလျှင် သို့မဟုတ် နှာချေနေလျှင်။

Physical Distancing
၁ မီတာ

ကိုဗစ်-၁၉ မည်သို့ကူးစက် ပြန့်ပွားသနည်း?

ကိုဗစ်-၁၉ မည်သို့ကူးစက် ပြန့်ပွားသနည်း?

အခြားသူတစ်ဦးသည် အရည်စက်လေးများကျကျန်ခဲ့သည့် မျက်နှာပြင်အား ထိတွေ့ခဲမိပြီး သူ၏မျက်နှာကိုကိုင်တွယ်ခဲ့ မိခြင်းဖြင့်ရောဂါကူးစက်ခံရနိုင်သည်။ ရောဂါပိုးမွှားများသည် မျက်နှာပြင်အမျိုးအစားနှင့် အပူချိန်အပေါ်မူတည်၍ မျက်နှာပြင်ပေါ်တွင် ၂ နာရီ မှ ရက်များစွာအထိအသက် ရှင်နေနိုင်သည်။

How to avoid infection

How to avoid infection

သင့်တွင်ရောဂါလက္ခဏာပြခဲ့လျှင် နှာခေါင်းစည်းတပ်ဆင်ထားပါ။ နှာခေါင်းစည်းကိုပုံမှန် လဲလည်ပေးပြီး နှာခေါင်းစည်းစွန့်ပစ်ချိန်တွင် ၎င်းကိုထိတွေ့ကိုင်တွယ်ခြင်းအားရှောင်ကြဥ်ပါ။ ပြီးသည်နှင့်တပြိုင်နက် လက်ဆေးပါ။

  • သင့်လက်များကိုပုံမှန် ရေနှင့်ဆပ်ပြာဖြင့်ဆေးပါ၊ သို့မဟုတ် အကယ်၍ဤအရာမဖြစ်နိုင်လျှင်၊ အနည်းဆုံး အရက် ၆၀ ရာခိုင်နှုန်းပါဝင်သည့် လက်သန့်စင်ဆေးရည်ကိုအသုံးပြုပေးပါ။

  • မကြာခဏထိတွေ့တတ်သည့် မျက်နှာပြင်များကို ရောဂါပိုးသတ်ဆေးရည်အသုံးပြ၍ ပုံမှန်သုတ်သင်သန့်ရှင်းပေးပါ။