Health DG: ကိုဗစ်−၁၉ဗိုင်းရပ်ကူးစက်ခံရခြင်းမှ သက်သာပျောက်ကင်းလာသူများသည် ပြန်လည်ကူးစက်ခြင်းမှကာကွယ်ပေးသည့် အာမခံချက်မရှိ

ပုံနှိပ်ထုတ်ဝေသည့်နေ့စွဲ၊ ၂၆ ဇွန်လ ၂၀၂၀, ၆:၄၇pm

ကိုရိုနာဗိုင်းရပ်| ကိုဗစ်−၁၉ရောဂါမှပြန်လည်ကောင်းမွန်လာသူများသည် ပြန်လည်ကူးစက်ခံရမူမှ ကင်းလွတ်နိုင်မည်ဟု အာမခံချက်မရှိကြောင်း ကျန်းမာရေး၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Noor Hisham Abdullah မှယနေ့သတိပေး။

ယနေ့ညနေ မီဒီယာရှင်းလင်းပွဲ၌၊ ၎င်းမှ ကိုဗစ်−၁၉ သက်သာကောင်းမွန်လာသည့်လူနာများတွင် ရောဂါကာကွယ်ပေးသော ပဋိပစ္စည်း (Antibody) လျော့ ကျသွားကြောင်း နိုင်ငံခြားမှလေ့လာ မှုများကို ကိုးကား၍ပြောကြားခဲ့သည်။

၎င်းမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ထုတ်ပြန်ချက်တွင်ဗိုင်းရပ်စ်ကူးစက်ခံရသူများအား ပြန် လည်ကူးစက်ခြင်းမှကာကွယ်ပေးသည်ဆိုသော ခိုင်လုံသည့် အထောက်အထားမရှိကြောင်းလည်း ကိုးကားပြောကြားခဲ့သည်။

“ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းဟာ ဒုတိယအကြိမ်ရောဂါကူးစက်မှုကိုခုခံနိုင်စွမ်းမရှိပါဘူး” ဟု Noor Hisham ကပြောကြားခဲ့သည်။

ထို့ကြောင့်၊ သူသည်ယခင်ကလူနာများ၌ ဖြစ်ပေါ်လာသော ပဋိပစ္စည်း(Antibody) သည် ပြန်လည်ကူးစက်ခြင်းကိုကာကွယ်ရန်လိုအပ်သော “ကိုယ်ခံစွမ်းအားနိုင်ငံကူးလက်မှတ်” ဆိုသော အယူအဆကိုပယ်ချခဲ့သည်။

ထိုထိပ်တန်းအမှုဆောင်မှ ကျန်မာရေး၀န်ကြီးဌာနအနေဖြင့်ပြင်းထန်သောကိုဗစ်−၁၉ရောဂါဖြစ်ပွား မှုမှ ပြန်လည်သက်သာလာသူလူနာများအားသူတို့၏ ပဋိပစ္စည်း (antibody)အဆင့်များကိုသုံးလ တစ်ကြိမ်ဓတ်မှန်ရိုက်စစ်ဆေးခြင်းများပြုလုပ်ကာစောင့်ကြည့်နေသည်ဟုထပ်လောင်းပြောကြား ခဲ့သည်။

'ခရီးသွားပူဖောင်း' အစီအစဉ်များအတွက်ရက်စွဲသတ်မှတ်ထားမရှိသေး

ဤအတောအတွင်း၊ ၀န်ကြီးချုပ်မူ Muhyiddin Yassin ၏ ကိုဗစ်−၁၉ ဖြစ်ပွားမှုနည်းပါးသော အာဆီယံနိုင်ငံများအတွင်းခရီးသွားလာခွင့်ပြုရန်အကြံပေးချက်အပေါ် Noor Hishamကသည်းခံရန် တောင်းဆိုခဲ့သည်။

“အစောပိုင်းအဆင့်” နိုင်ငံအတော်များများနှင့်ဆွေးနွေးမှုများပြုခဲ့သော်လည်း မည်သည့်အစီအစဉ်မှ ရေးဆွဲရသေးခြင်းမရှိသေးကြောင်း သူကအလေးအနက်ပြောကြားခဲ့သည်။

Noor Hishamသည် ထိုကဲ့သို့သောအစီအစဉ်များတွင် ခက်ခဲရှုပ်ထွေးမှုများပါ၀င်သည်ဟု မှတ်ချက် ပြုခဲ့သည်။

“ကျွန်ုပ်တို့ အကောင်အထည်ဖော်မယ့်ရက်ကိုမသတ်မှတ်ရသေးဘူး၊ ဒါ့ကြောင့်အနည်းဆုံးတော့ ဆက်လက်ပြီးဆွေးနွေးသွားမှာပါ”။

“ပိုပြီးအရေးကြီးတာကကျွန်တော်တို့ကိုသက်ဆိုင်ရာနိုင်ငံတွေရဲ့အခြေအနေကိုစောင့်ကြည့်ဖို့ပါ၊ အဲဒီနောက် နယ်စပ်ဒေသများရှိ ဘဝနှင့်အသက်မွေးဝမ်းကျောင်းမှုအကြား မျှတမှုကို ကျွန်ုပ်တို့မည်သို့သေချာစေနိုင်မည်နည်းဆိုတာပါ”။

"ကျနော်တို့ဆွေးနွေးရန်လိုအပ်တဲ့ အသေးစိတ်အချက်အလက်များစွာရှိသေးတယ်လို့ထင်တယ်” သူကပြောခဲ့သည်။

ထိုထိပ်တန်းအမှုဆောင်သည် ယခင်က မလေးရှားနိုင်ငံ၏ “ခရီးသွားပူဖောင်းများ” ကိစ္စကို စင်ကာပူ၊ ဘရူနိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ ဪစတြေးလျ၊နယူးဇီလန်တို့နှင့်

အတူစူးစမ်းလေ့လာနေသည်တွင်တူညီသောစံလုပ်ထုံးလုပ်နည်းများကိုနှစ်ဦးနှစ်ဖက်ပါ၀င်သဘောတူလျှင်ဖြစ်နိုင်ခြေရှိဟုပြောကြားခဲ့ဖူးသည်။

ယနေ့အစောပိုင်းတွင်Minister Muhyiddin Yassin မှ “အစိမ်းရောင်”နိုင်ငံများအကြား စီးပွားရေး လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတိုးမြှင့်နိုင်ရေးအတွက် အာဆီယံအစိုးရများအနေဖြင့် ခရီးသွားလာခွင့်အစီအစဉ်တစ်ခုကိုအလျင်အမြန်ပြုလုပ်ရန်အဆိုပြုခဲ့သည်။