၀ န်ကြီး -ရွှေ့ပြောင်းအလုပ်သမားများကို ဒေသခံ ငါးဖမ်းလှေများတွင်အလုပ်လုပ်ခွင့်ပြုသည်

၂၇ ဇွန်လ ၂၀၂၀၊ ၃:၅၃

အစိုးရအနေဖြင့်ရွှေ့ပြောင်းအလုပ်သမားများကိုလိုအပ်သောထောက်အထားစာရွက်စာတမ်းများရှိပါကဒေသခံငါးဖမ်းလှေများတွင်အလုပ်လုပ်ခွင့်ပြုလိမ့်မည်။

နိုင်ငံခြားသားလုပ်သားများကိုလည်းအိမ်ပြန်ခွင့်ပြုမည်ဖြစ်သော်လည်းမလေးရှားသို့ပြန်လည်ဝင်ရောက်နိုင်မည်ကိုတော့အာမခံချက်မရှိပါ။

ဒီကိစ္စကို ကာကွယ်ရေး၀န်ကြီး Ismail Sabri Yaakob (အထက်) ကအတိုင်းဒီကနေ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“အခြေခံသဘောအရ (အမျိုးသားလုံခြုံရေးကောင်စီ) အစည်းအဝေးမှာပြည်တွင်းငါး ဖမ်းလှေတွေပေါ်မှာ အလုပ်လုပ်နေတဲ့နိုင်ငံခြားသားသင်္ဘောသားတွေကိုကန့်ကွက် စရာမရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီဟာကတိုင်းပြည်အတွက်ငါးတွေလုံလောက် စွာထောက်ပံ့ပေးနိုင်ဖို့ဖြစ်ပါတယ်။

“ဒါပေမယ့်သူတို့ကသူတို့နိုင်ငံတွေကိုထွက်လာနိုင်ရန်အတွက် သူတို့ရဲ့အစိုးရဆီ ကခွင့်ပြုချက်ကိုအရင်ရယူဖို့လိုလိမ့်မယ်။

အလုပ်သမားများသည် လူဝင်မှုကြီးကြပ်ရေးဌာနမှ အလုပ်ပါမစ် (ယာယီအလုပ် လည်ပတ်ခွင့်) လိုအပ်ပါလိမ့်မည်၊ ကိုဗစ်−၁၉ အတွက်ဆေးပြီး အလုပ်မစတင်မီ မဖြစ်မနေ ၁၄ ရက် (Quarantine) ဝင်ရမည်ဖြစ်သည်။

“အလုပ်ရှင်များအနေဖြင့်လည်း ၎င်းတို့၏နိုင်ငံခြားသားအလုပ်သမားများကိုတည်းခို ရန်နေရာတစ်ခုစီစဥ်ပေးရန်လည်းလိုအပ်သည်ဟု၊ သူကထပ်လောင်းပြောကြားခဲ့ သည်။

မလေးရှာမှပညာရှင်နိုင်ငံခြားသားများ (expats) ကို အခြေအနေပေါ်မူတည်၍ အိမ်ပြန်ခွင့်ပြုမည်

တစ်ချိန်တည်းမှာပင်၊ Ismailက နိုင်ငံခြားသားများကိုအိမ်ပြန်ခွင့်ပြုမည်ဖြစ်သော် လည်း ပြဌာန်းချက်အရ ထိုသို့သောခရီးစဥ်သည် ‘’အပြန်လမ်း”(one way) သာ ရှိကြောင်း ပြောကြားခဲ့သည်။

“မလေးရှားအစိုးရက မိမိအမိနိုင်ငံကို ပြန်ချင်သော ဘယ်နိုင်ငံခြားသားတွေကိုမှ တားဆီးမှာမဟုတ်ကြောင်းနှင့် ခရီးစဥ်()ကိုလည်းကူညီထောက်ပံမည်ဖြစ်ကြောင်း။

“ခရီးသွားလက်မှတ်ထောက်အထားမရှိတဲ့နိုင်ငံခြားသားတွေအတွက်တော့ သူတို့ရဲ့ သံရုံးကနေ ခရီးသွားလာခွင့်စာရွက်စာတမ်းအထောက်အထားတွေကို အရင်ရယူ ဖို့လိုအပ်ကြောင်း၊ ၎င်းကပြောကြားခဲ့သည်။

ပညာရှင်များအဖြစ်သတ်မှတ်ခံရသည့်နိုင်ငံခြားသားများအတွက်မူ သူတို့ကို အရေး ပေါ်အခြေအနေ သို့မဟုတ် ဆေးဘက်ဆိုင်ရာရည်ရွယ်ချက်များအတွက်သာ မလေးရှားမှထွက်ခွာခွင့်ရမည်ဖြစ်ကြောင်း Ismail ကပြောကြားခဲ့သည်”။

မလေးရှားကီနီ (Malaysiakini) သည် ကာကွယ်ရေးဝန်ကြီးဌာနကို ပညာရှင်အဆင့် နိုင်ငံခြားသားများ မလေးရှားနိုင်ငံသို့ပြန်လည်ဝင်ခွင့်ရှိမရှိစုံစမ်းမေးမြန်းခဲ့သည်။

နိုင်ငံခြားသား (၇)ယောက်ကို မရရာသော “လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေ ချိုးဖောက်မှုဖြင့်” ရဲများကဖမ်းဆီးခဲ့ကြောင်း ဝန်ကြီးဝေမျှပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၊ စစ်တပ်၊ မလေးရှားရေကြောင်း ထိန်းချုပ်ရေးအေဂျင်စီ (MMEA) နှင့်နယ် စပ်လုံခြုံရေးအေဂျင်စီ (Aksem) တို့သည် “အော်ပရာစီဘမ်တမ်း” (Operasi Benteng) အမည်ရှိနယ်စပ်ထိန်းချုပ်ရေးလုပ်ငန်းတွင်ပူးပေါင်းလုပ်ဆောင်နေကြောင်းသူ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ယခုအချိန်အထိထိုစစ်ဆင်ရေးသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လမ်းပိတ်ဆို့မှု ၆၈ ခုကို ပြုလုပ်ခဲ့ပြီး အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားများနိုင်ငံတွင်းသို့ ၀င်ရောက်ခြင်းကိုတားဆီးရန် ယာဉ် ၄၆၀၂၃ အားစစ်ဆေးမှုများပြုလုပ်ခဲ့သည်။