MCO ကာလအတွင်း ရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးခြင်းသည်လူမျိုးရေးခွဲခြားမှု လုပ်ရပ် တစ်ခုဖြစ်ကြောင်းပြောဆိုချက်အား ကျန်းမာရေးဝန်ကြီးမှငြင်းဆို

ပုံနှိပ်ထုတ်ဝေသည့်နေ့စွဲ၊ ၅ ဇွန်လ ၂၀၂၀၊ ၆ : ၄၁ pm

ကျန်းမာရေးဝန်ကြီး ဒေါက်တာအဒမ်ဘာဘာမှ လှုပ်ရှားမှုထိန်းချုပ်ရေးအမိန့် (MCO) ကာလ အတွင်းတွင်အထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သားများအားအစိုးရမှဖမ်းဆီးအရေးယူ ခြင်းအား စုံစမ်းဖော်ထုတ်ထားသည့် အယ်ဂျားဇီးယားသတင်းဌာနမှထုတ် လွှင့်ခဲ့သော သတင်းဗီဒီယိုသည် တိကျမှုမရှိကြောင်းပြောဆိုလိုက်ပါသည်။

“အစိုးရရဲ့ MCOချမှတ်လုပ်ဆောင်ချက်ကိုလူမျိုးရေးခွဲခြားမှုလုပ်ရပ်တစ်ခုအဖြစ်စွပ်စွဲထား တဲ့သတင်းမှာမှန်ကန်မှုမရှိပါဘူး”ဟုကိုတာတင်ဂီတွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ၎င်းကပြောကြားခဲ့ပါသည်။အဆိုပါပြောကြားချက်အားနောက်ပိုင်းတွင်ကျန်းမာရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာပေါ်တွင်တင်ခဲ့ပါသည်။

အာဒမ် (အထက်)မှ အစိုးရအနေဖြင့် ကိုဗစ်-၁၉ကပ်ရောဂါကပ် ဆိုးအားကိုင်တွယ်ဖြေရှင်းရန်ရည်ရွယ် ၍ MCO အားချမှတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြေားပြောကြားခဲ့သည်။

ဇူလိုင်လ ၃ ရက်နေ့တွင်“ မလေးရှားနိုင်ငံ၏အသွားအလာကန့်သတ်ထားခြင်းထဲမှဖမ်းဆီးခြင်း” ခေါင်းစဉ်ဖြင့် အယ်ဂျားဇီးယား၏ “101 East” သတင်းတင်ပြမှုအစိတ်အပိုင်းတွင် MCO ကာလအတွင်းတရားမ၀င်ရွှေ့ပြောင်းနေထိုင်သူ ရာပေါင်းများစွာအားဖမ်းဆီးခြင်းနှင့် ရွှေ့ပြောင်း နေထိုင်သူတို့၏အကျပ်အတည်းဒုက္ခနှင့် ဤဖမ်းဆီးမှုအခြေအနေများအား မီးမောင်းထိုးတင်ပြခဲ့သည်။

အဆိုပါသတင်းထောက်မှ “ဒီဖမ်းဆီးမှုတွေကိုကြည့်လို့ရှိရင် ဒီလုပ်ရပ်တွေဟာတကယ်ဘဲရောဂါ ကပ်ဆိုးကြီးကို ကိုင်တွယ်ဖြေရှင်းရာမှာ လက်တွေ့ကျရဲ့လား ဒါမှမဟုတ် ဒီလုပ်ရပ်ဟာလူမျိုးရေးခွဲ ခြားမှုလုပ်ရပ်လား လို့သင်စဥ်းစားမိမှာဖြစ်ပါတယ်” ဟုဆိုကာထိုသတင်းတင်ဆက်မှုအစပိုင်းတွင် ပြောဆိုထားခဲ့ပါသည်။

ထိုသတင်းဗီဒီယို၌ရေးသားဖော်ပြချက်တွင်လည်း “101 Eastမှ အဘယ့်ကြောင့် မလေးရှားနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ ကိုဗစ်-၁၉ ကပ်ဆိုးကာလအတွင်း အန္တရာယ်ကျရောက်ရသည့် အကြောင်းစုံစမ်းဖော်ထုတ်သည်” ဟုရေးသားဖော်ပြထားခဲ့ပါသည်။

ဤသတင်းအပိုင်းအစတွင် အထောက်အထားရှိသူများနှင့် အထောက်အထားမရှိသည့် ရွှေ့ပြောင်း နေထိုင်သူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ကုန်သွယ် ရေးအသင်းအဖွဲ့များအား တွေ့ဆုံမေးမြန်းခြင်းများပြုလုပ်ခဲ့သည်။

ဤဗီဒီယိုတွင် ကာကွယ်ရေးဝန်ကြီး Ismail Sabri Yaakob နှင့် ပြည်ထဲရေးဝန်ကြီး Hamzah Zainuddin များအားတွေ့ဆုံမေးမြန်းရန် တောင်းဆိုထားကြောင်းနှင့် ၎င်းတို့၏လက်ထောက်များမှ ထိုတောင်းဆိုချက်အားငြင်းဆိုခဲ့ကြောင်းဖော်ပြထားပါသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် MCO ပြဌာန်းပြီးနောက် ဒုက္ခသည်များနှင့်ရွှေ့ပြောင်းအလုပ် သမားများ အပေါ်ပြည်သူလူထု၏သဘောထားမှာပိုမိုဆိုးရွားလာခဲ့ပြီး မုန်းတီးမှုသဘောထား မှတ်ချက်များလည်း အင်တာနက်ပေါ်တွင်ပျံ့နှံ့နေသည်။

အစိုးရမဟုတ်သောအဖွဲ့အစည်းများအနေဖြင့် MCO ကာလအတွင်း နိုင်ငံခြားသားများအပေါ် အာဏာပိုင်များကဖမ်းဆီးခြင်းသည် ဒုက္ခသည်များနှင့်ရွှေ့ပြောင်းအလုပ်သမားများအပေါ် အပျက်သဘောဆောင်သော သဘောထားများကို ပိုမိုဆိုးရွားစေသည်ဟုပြောဆိုခဲ့ပါသည်။

ရွှေ့ပြောင်းအခြေချသူများနှင့် ဒုက္ခသည်များအရေး တက်ကြွလှုပ်ရှားသူများလည်း အကြမ်းဖက်ခြိမ်း ခြောက်မှုများ အပြင် အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုများကြုံတွေ့ခဲ့ရပါသည်။