ပြည်သူများသည် အစိုးရအား ဥပဒေချိုးဖောက်သောရွှေ့ပြောင်း အလုပ်သမားများကို အရေးယူစေချင်နေကြသည်

၆ ဇွန်လှိုင်လ ၂၀၂၀၊ ၂:၁၉

B Nantha Kumar

ပြည်ထဲရေး ၀န်ကြီး Hamzah Zainuddinက ယနေ့အစိုးရသည် ရွှေ့ပြောင်းအလုပ် သမားများအပေါ် ပြုမှုဆက်ဆံခြင်းနှင့်ပတ်သက်သော သတင်းအစီရင်ခံစားများထက် ပြည်သူလူထု၏ဆန္ဒကိုသာ ဦးစားပေသွာမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ကာတာအခြေစိုက်အယ်လ်ဂျာဇီးရား (Al Jazeera) မီဒီယာမှ များမကြာမီကထုတ် လွင့်ခဲ့သော သတင်းမှတ်တမ်းရုပ်ရှင်၌ မီးမောင်းထိုးပြထားသည်တွင်၊ MCO ကာလ အတွင်း ကွာလာလမ်ပူပတ်၀န်းကျင်ရှိ ကိုဗစ်−၁၉ အနီရောင်ဇုန်များ၌ဖမ်းမိသော ရွှေ့ပြောင်းအလုပ်သမားများအားမတရားပြုမူသည်ဟု စွပ်စွဲချက်များပါဝင်ကြောင်း Hamzahကပြောကြားခဲ့သည်။

"ဒီအစိုးရဟာ ပြည်သူတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနေတယ်။ ဒီတိုင်းပြည်မှာနေတဲ့လူ တိုင်းကငါတို့ရဲ့ဥပဒေနှင့်အညီ နေထိုင်နေကြတာကိုသူတို့မြင်ချင်ကြတယ်။

“သူတို့ ဒီနိုင်ငံမှာအလုပ်လုပ်ချင်တယ်ဆိုရင် သူတို့မှာပါမစ်နဲ့ တရားဝင်စာရွက်စာတမ်း တွေရှိရမယ်” ​​ဟု သူက Port Klang တွင် သတင်းထောက်များကိုပြောကြားခဲ့သည်။

အာဏာပိုင်များသည် တရားမဝင်ပြောင်းရွှေ့နေထိုင်သူများကို ဥပဒေလုပ်ထုံးလုပ် နည်းများအရသာ ဆောင်ရွက်ခြင်းရှိကြောင်းနှင့် ဇူလိုင်လ၃ရက်နေ့တွင် အယ်လ် ဂျာဇီးရား(Al Jazeera)၏ "101 East” သတင်းအစီစဥ်တွင်ဖော်ပြခဲ့သည့် "မလေးရှားရဲ့ပိတ်ဆို့မှု (Lockdown) ၌ပိတ်မိနေသူများ" ဆိုသောခေါင်းစဥ်ဖြင့်ဖော်ပြ ခဲ့သောအကြောင်းအရာအဖြစ်အပျက်နှင့်ဆန့်ကျင်ကြောင်းလည်းHamzah ကပြော ကြားခဲ့သည်။

သူမှတ်ချက်ပြုပြောကြားရာတွင် ရွှေ့ပြောင်းအလုပ်သမားများ၏လုပ်အားသည် မလေးရှား၏ဖွံ့ဖြိုးတိုးတက်မှုအတွက်အလွန်အရေးကြီးသော်လည်း၊ သူတို့က ဒီနိုင်ငံက ဥပဒေများကိုသေသေချာချာလိုက်နာဖို့ရန်ပိုမိုအရေးကြီးသည်ဟုလည်း ပြောကြားခဲ့ပါသည်။

"နိုင်ငံခြားမီဒီယာတွေကကျွန်တော်တို့ကို အကြင်နာကင်းပြီးတင်းကြပ်တယ်လို့ အဆိုပြုကြသော်လည်း၊ ကျွန်တော်အနေနဲ့ကတော့ ပြည်သူတွေကဒါကိုလိုချင် နေကြတယ်လို့ခံစားရပါတယ်။

“ဒါကြောင့်ကျွန်တော်တို့ဟာ ဖြစ်စဥ်အကြောင်းအရာတွေကို မလိမ့်တစ်ပတ်လုပ် တတ်တဲ့နိုင်ငံခြားမီဒီယာတွေနဲ့ပတ်သက်ပြီ စိတ်ရှုပ်ခံစရာမလိုဘူးဟု” Hamzahက (အောက်ပါအတိုင်း) ထပ်လောင်းပြောကြားခဲ့သည်။

“101 East ကကိုဗစ်−၁၉ဖြစ်ပွားစဥ်အချိန်ကာလအတွင်း မလေးရှား၌ရှိသောရွှေ့ ပြောင်းအလုပ်သမားများသည် အဘယ်ကြောင့် အန္တရယ်အခက်အခဲများနှင့်ကြုံ တွေ့နေရလည်းဆိုတဲ့အကြောင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့သည့်အကြောင်း အရာကို” အယ်လ်ဂျာဇီးရား၏ သတင်းဗီဒီယိုတွင် ဖော်ပြထားသည်။

ဤသတင်းမှတ်တမ်းတွင် တရားဝင်ရွှေ့ပြောင်းအလုပ်သမားများ၊ တရားမဝင် အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားများ၊ အဲန်ဂျီအို(NGOs)များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ကုန်သွယ်ရေးအသင်းအဖွဲ့များနှင့် အခြားသူများပါဝင်သည်။

၎င်းဗီဒီယိုတွင်ဖော်ပြထားသည်မှာ Ismail Sabri Yaakob,Hamzahနှင့်သူတိုလက် ထောက်များကို အင်တာဗျူးရန်တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ကြောင်းဖော်ပြထား သည်။

ထိုသတင်းထုပ်ပြန်ပြီးနောက်၊ အယ်လ်ဂျာဇီးရား (Al Jazeera) သာမက သတင်းအ စီအစဥ်၌ပါသော အင်တာဗျူးဖြေကြားသူများကိုပါ တိုက်ခိုက်မှုများလာသည်။

တိုက်ခိုက်ခံရသူ၏ဖုန်းနံပတ်များကို အင်တာနက်ပေါ်တွင် စာပို့၍ဖြန့်ဝေခြင်း၊ ရန်လို မုန်းတီးမှုများနှင့် ကိုယ်ထိလက်ရောက်ကျုးလွန်မှုများဖြစ်ပေါ်ရန် လှုံ့ဆော်မှုများပါဝင် သည်။

ကမ္ဘာအနှံ၌ဖြစ်ပွားသောကိုဗစ်−၁၉ရောဂါကြောင့် လှုပ်ရှားသွားလာမှုများကိုကန့် သတ်ချက်ဥပဒေပြဌာန်းပြီးကတည်းက ဒုက္ခသည်နှင့် အရွှေ့ပြောင်းအလုပ်သမားများ အပါ် အများပြည်သူလူထု၏သဘောထားမှာ ပိုမိုဆိုးရွားပြင်းထန်လာပြီးအမုန်းသ ဘောဆောင်သောမှက်ချက်များသည် အင်တာနက်ပေါ်တွင်ပျံနှံနေသည်။